Video Sources 180 Views

  • Watch traileryoutube.com
  • SERVER 1Unknown resource
  • SERVER 2Unknown resource
[18+] Guilty of Romance 恋の罪 (2011) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ

[18+] Guilty of Romance 恋の罪 (2011) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ

Love is hellJan. 21, 2011Japan145 Min.PG
Your rating: 0
7 1 vote
what going on?

Synopsis

Watching Guilty of Romance 恋の罪 Myanmar Subtitle Movies (မြန်မာစာတန်းထိုး) On Myanmar Tube

A detective probes the brutal murder of a woman in a red light district while a housewife hides her double life as a prostitute from her husband.

ရုပ်ရှင်ပိုစတာ
MyanmarTube
နိဒါန်း

ပထမဆုံးပြောချင်တာက ဒီဇာတ်ကားက တော်တော်လေးကိုရှုပ်ထွေးတဲ့
၁၈နှစ်အထက်မှကြည့်လို့ရတဲ့ကားပါ

ဇာတ်ကားကို ပြန်ဖြစ်ခဲ့တဲ့အကြောင်းကတော့
ဖြစ်ရပ်မှန်မှုခင်းတွေအကြောင်းကို ၀တ္တုလေးတွေလိုပြန်ရေးတဲ့
မရွှေမိုး (ကိုရီးယား)ရဲ့ ပိုစ့်တစ်ခုကြောင့်ပါပဲ
အဲ့ဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံပြီးတော့ ဒီဇာတ်ကားကို ရိုက်ကူးထားတာပါ

မရွှေမိုးရေးထားတဲ့ ဇာတ်လမ်းကိုအကျဉ်းချုပ်ကို အရင်ပြောပြချင်ပါတယ်
A ဆိုတဲ့အမျိုးသမီးဟာ ၁၉၉၇ ခုနှစ် မတ်လ ၈ရက်နေ့
အဲ့နေ့မှာအသတ်ခံလိုက်ရပါတယ်
အသတ်ခံရပုံက ကာမဆက်ဆံပြီးတော့ လည်ပင်းညှစ်သတ်လိုက်တာပါ
ဝမ်းနည်းဖွယ်ရာလူသတ်မှုပါပဲ

အသတ်ခံရတဲ့သူကိုစစ်လိုက်တဲ့အခါ
ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်တဲ့ ဆင်းရဲစုတ်ပြတ်တဲ့မိန်းကလေးတစ်ယောက်ပုံစံမျိုးပါ..
ဒါပေမယ့် ဆန်းကြယ်တာက
သူမရဲ့အချက်အလက်တွေကိုစစ်ဆေးတော့မှ သူမဟာ ပြည့်တန်ဆာတစ်ယောက်မဟုတ်ဘဲ
နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့
ဂုဏ်သိက္ခာရှိ ပညာတတ် လူချမ်းသာမိန်းကလေးတစ်ယောက်ဖြစ်နေတာပါပဲ။

ဒါဖြင့်ရင် သူကဘာလို့ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ပြီးတော့
လမ်းပေါ်မှာ ဒီလိုပုံနဲ့လာသေနေရတာလဲ
ဒါဟာ လူတိုင်းတွေးမိတဲ့မေးခွန်းတစ်ခုပါ
ဒါပေမယ့် အဖြေကတော့မရှိခဲ့ပါဘူး။

ဒီအမှုပိုပြီးတော့ နာမည်ကြီးသွားရတဲ့အကြောင်းရင်းကတော့
သူ့ကိုသတ်တယ်လို့ယူဆရတဲ့ နီပေါနိုင်ငံသားအလုပ်သမားကြောင့်ပါ
သူများနိုင်ငံလာနေပြီး သူတို့နိုင်ငံသားကိုသတ်သွားတယ်လို့ယူဆတဲ့
ဂျပန် လူမျိုးထုကြီးကို နိုင်ငံတော်က ထိန်းသိမ်းနိုင်ဖို့ အဆင့်ဆင့်အခါခါစစ်ဆေးခဲ့ရပါတယ်။

သက်သေတွေမတိကျမှုတွေကြောင့် တရားခံအစစ်မတွေ့ခင်မှာ
နီပေါနိုင်ငံသားကိုပဲ တရားခံလို့သတ်မှတ်ပြီး ဖမ်းဆီးထားခဲ့တာပါ
အဲ့ဒီ့နီပေါနိုင်ငံသားဟာ လက်မလျှော့ပဲ အယူခံ ခဏခဏ၀င်ကာ
သူ့ရဲ့ရိုးသားမှုကို ပြသနိုင်ခဲ့သွားပါတယ်
ဒါပေမယ့် နှစ်ပေါင်း ၁၅နှစ်ကို ထောင်ထဲမှာကုန်ဆုံးလိုက်ရပါတယ်
အဲ့အဖြစ်အပျက်ကြောင့် တရားခံအစစ်ကိုရှာမတွေ့နိုင်တဲ့ အမှု
သေသူရဲ့အလုပ်အကိုင်အကြောင်းခန့်မှန်းနိုင်မှုမရှိတာတွေကြောင့်
အခုချိန်ထိကို ဖြေရှင်းလို့မရသေးတဲ့ ထူးဆန်းတဲ့အမှုအဖြစ်နဲ့ နာမည်ကြီးနေရတာပါ
အဲ့အမှုကို ကာတွန်းတွေ ရုပ်ရှင်တွေအမျိုးမျိုးပြန်ရိုက်ခဲ့ကြပါတယ်

အခု တင်ဆက်ပေးမယ့်ကားကတော့ အဲ့အမှုရဲ့ကျောရိုးကိုပဲယူပြီး
ရှုထောင့်တစ်မျိုးပြောင်းထားတဲ့ ဇာတ်လမ်းပါ
ဒီအမှုအကြောင်းကိုပြောပြထားပေမယ့်
ဒီအမှုအတိုင်း အတိအကျမဟုတ်ပါဘုး
စုံထောက်တစ်ယောက်ရယ် အမှုထဲက မိန်းကလေးနဲ့တူတဲ့ဇာတ်ကောင်တစ်ယောက်ရယ် နောက်ထပ် မိန်းကလေးတစ်ယောက်ရယ်နဲ့ဇာတ်အိမ်တည်ထားပါတယ်

sex ကိစ္စရဲ့ရှုပ်ထွေးမှုကို ရိုက်ကူးထားတာမို့ 18+ ကားပါ
ဒါပေမယ့် ကြည့်လေကြည့်လေ နားမလည်နိုင်လောက်အောင်
အတွေးတွေအများကြီးထည့်ထားတဲ့ကားလဲဖြစ်ပါတယ်

ပေါ့ပေါ့ပါးပါး ဖော်ချွတ်ကားအဖြစ်နဲ့ကြည့်မယ်ဆိုရင်လဲ
ဇာတ်ကောင်တွေအကုန်လုံးက အရမ်းမှည့်ပါတယ်
ဇာတ်လမ်းကောင်းကောင်းနဲ့ကြည့်ချင်တာဆိုရင်လဲ
တွေးစရာတွေတစ်လှေကြီးနဲ့ အသိတစ်ခုရသွားနိုင်ပါတယ်
ဘာရသွားမှာလဲဆိုတာတော့ မပြောတတ်ပါဘူး

တစ်ခါကြည့်လိုက်တိုင်းမှာ တစ်ခါ အတွေးပြောင်းသွားတာမို့
သေချာလေး ၃ ၄ ခါလောက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်…ငိ။

ဗှီဒီယိုအခကျြအလကျ
Original title : 恋の罪
Running Time : 2hr 25min
Format : Mp4
Genre : Drama,Adult,Horror,Mystery,Thriller
Subtitle : Myanmar Subtitle
ရုပျပုံ
18-Guilty-Of-Romance-2011-720p

Original title 恋の罪
IMDb Rating 6.8 3,974 votes
TMDb Rating 7 90 votes

Director

Sion Sono
Director

Cast

Miki Mizuno isKazuko Yoshida
Kazuko Yoshida
Makoto Togashi isMitsuko Ozawa
Mitsuko Ozawa
Megumi Kagurazaka isIzumi Kikuchi
Izumi Kikuchi
Satoshi Nikaido isMasao Yoshida
Masao Yoshida
Kanji Tsuda isYukio Kikuchi
Yukio Kikuchi
Shingo Gotsuji isKazuo Kimura
Kazuo Kimura
Motoki Fukami isMartini Maki
Martini Maki

Similar titles

The Meg (2018) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
[21+] Intimacy (2001) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
Polar (2019) – Myanmar Subtitle Movies – မြန်မာစာတန်းထိုး
Velvet Buzzsaw (2019) – Myanmar Subtitle Movies – မြန်မာစာတန်းထိုး
Ready or Not (2019) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
The Curse of La Llorona (2019) – Myanmar Subtitle Movies – မြန်မာစာတန်းထိုး
Destination Wedding (2018) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
The Death of Superman (2018) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
Kingdom (2019) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
Escape Room (2019) – Myanmar Subtitle Movies – မြန်မာစာတန်းထိုး
[21+] Escape from Pleasure Planet (2016) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
Ma (2019) – Myanmar Subtitle Movies – မန်မာစာတန်းထိုးဇာတ်ကားများ
%d bloggers like this: